Credit to Popular Journal - ပြည်သူများဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်း၍ မှန်ကန်သည့်အစိုးရတစ်ရပ်နှင့် အနာဂတ်ကိုရွေးချယ်နေကြသည်ကိုကြည့်ရုံနှင့်သိဟု မြန်မာနိုင်ငံရွေးကောက်ပွဲအား နိုင်ငံတကာလေ့လာစောင့်ကြည့်သူအဖြစ် ရောက်ရှိနေလေ့လာနေသူ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥ က္ကဋ္ဌ H.E Mr. Sholban Kara-Ool ကပြောသည်။ “ပြည်သူတွေဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းပြီး မှန်ကန်တဲ့အစိုးရတစ်ရပ်ကို ရွေးချယ်နေတယ်၊ အနာဂတ်ကို ရွေးချယ်နေတယ်ဆိုတာ ကြည့်ရုံနဲ့သိပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း လာရောက်စစ်ဆေးကြီးကြပ်နေတယ်။ ဒါကိုကြည့်ခြင်းဖြင့် ပြည်သူတွေရော နိုင်ငံ့ခေါင်းဆောင်တွေပါ ရွေးကောက်ပွဲကို စိတ်အားထက်သန်ကြတယ်ဆိုတာ တွေ့ရတယ်” ဟု ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool ကပြောသည်။ ပြည်သူများသည် ၎င်းတို့အတွက် ခေါင်းဆောင်၊ မှန်ကန်သည့်အစိုးရကို လျှို့ဝှက်စွာဆန္ဒမဲပေးရွေးချယ်နေကြကာ ယင်းသို့ ဆန္ဒမဲပေးနိုင်ရန်လည်း စနစ်တကျစီစဉ်ထားတာသည်ကိုတွေ့ရှိရပြီး ရုရှားနိုင်ငံတွင်လည်း ရွေးကောက်ပွဲကို ယခုပုံစံအတိုင်းကျင်းပကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းသည် စစ်မှန်သည်အစိုးရ တစ်ရပ်ထွက်ပေါ်လာမည်ကိုယုံကြည်သည်ဟု ပြောသည်။ “ကျွန်တော်မြင်ရတာ […] The post ပြည်သူများဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်း၍ မှန်ကန်သည့်အစိုးရတစ်ရပ်နှင့် အနာဂတ်ကိုရွေးချယ်နေကြသည်ကိုကြည့်ရုံနှင့်သိဟု ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌပြော appeared first on Popular .