ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်သည်–ရုရှားနိုင်ငံခြားရေးဝန်ကြီး

Credit to Popular Journal - ရုရှားနိုင်ငံသည် မည်သည့်ပုံစံမျိုးဖြင့်မဆို ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ပြီး ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ခွဲထုတ်မရသော အစိတ်အပိုင်းတစ်ခုအဖြစ်သာ မှတ်ယူကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ရုရှားနိုင်ငံပိုင်သတင်းဌာန တာ့စ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အများသိကြပြီးဖြစ်သည့် မော်စကို၏ ရပ်တည်ချက်သည် မပြောင်းလဲကြောင်း လက်ဗ်ရော့ဗ်က ထပ်လောင်းအတည်ပြုခဲ့သည်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ရုရှားက အသိအမှတ်ပြုကြောင်းနှင့် လွတ်လပ်ရေးဆီဦးတည်သည့် မည်သည့်လှုပ်ရှားမှုကိုမဆို ငြင်းပယ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်ဟု တာ့စ်က ဖော်ပြသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် စစ်အင်အားတိုးချဲ့မှုသို့ ဦးတည်သည့်လမ်းကြောင်းကိုလိုက်နေကြောင်း လက်ဗ်ရော့ဗ်က မှတ်ချက်ပြုခဲ့ပြီး ယင်းကိစ္စအပေါ် ဂရုတစိုက်စဉ်းစားဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ မကြာသေးခင်က တိုကျို၏ လုပ်ဆောင်ချက်များသည် ဒေသတွင်းတည်ငြိမ်ရေးအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုရှိလာနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။ ထိုအင်တာဗျူးတွင်ပင် အနောက်နိုင်ငံများသည် ထိုင်ဝမ်၏ ငွေကြေးနှင့် […] The post ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်သည်–ရုရှားနိုင်ငံခြားရေးဝန်ကြီး appeared first on Popular .