နေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

Credit to Popular Journal - ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံ အားအဆင့်မြှင့်တင်ရန်မှာကြား နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက နေပြည်တော်ဘူတာကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး(DEMU)အစုန်ရထား ဘူတာရုံ၌ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်းတို့အား နိုင်ငံတော် ယာယီသမ္မတမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ရန်၊ ရထားဘူတာရုံအတွင်း သန့် ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပ သာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ ၏ သွားလာနေထိုင်မှုများစည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ ပုဗ္ဗသီရိမြို့နယ်အ တွင်း သန့် ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ The post နေပြည်တော်ဘူတာကြီးကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး appeared first on Popular .