တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ စတင်

Credit to Popular Journal - ဒီဇင်ဘာ ၂၉ အမေရိကန်ပြည်‌ထောင်စုက ထိုင်ဝမ်နှင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးလက်နက်ရောင်းဝယ်ရေး စာချုပ်ကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံတော်စည်းလုံးညီညွတ်ရေးကို ကာကွယ်ရန်အတွက် “တရားဝင်ပြီး လိုအပ်သော” လုပ်ဆောင်ချက်ဟုဆိုကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) သည် တနင်္လာနေ့တွင် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်း သိရှိရပါသည်။ ပီအယ်လ်အေ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူဝါရင့်ဗိုလ်မှူးကြီး ရှီယီက ယခုစစ်ရေးလေ့ကျင့်မှုသည် “ခွဲထွက်ရေးအင်အားစုများ” နှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို သတိပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “၂၀၂၅ တရားမျှတရေးအထူးတာဝန်” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြားရှိ ရေပြင်နှင့် ဝေဟင်နယ်မြေများအပြင် ထိုင်ဝမ်ကျွန်းမကြီး၏ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်နယ်မြေများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း […] The post တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ စတင် appeared first on Popular .