Credit to Popular Journal - ပေကျင်း၊ ဒီဇင်ဘာ ၂၇ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယူနန်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရာ့ခ် ဆိုခွန်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွာင်ကက်ကီယို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၈ ရက် နေ့မှ ၂၉ ရက်နေ့အထိ ဝမ်ယိတွေ့ဆုံမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ Ref: ရှင်းဟွာ The post တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယား၊ ထိုင်းဝန်ကြီးများနှင့်တွေ့မည် appeared first on Popular .