ထိုင်းရွေးကောက်ပွဲ နိုင်ငံရေးပါတီ ၅၂ ခု ဝင်ရောက်ယှဉ်ပြိုင်မည်

Credit to Popular Journal - ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည့် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၂ ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းများကို တနင်္ဂနွေနေ့တွင် ဘန်ကောက်မြို့ရှိ အစိုးရအဆောက်အအုံတွင် မှတ်ပုံတင်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီ ၄၇ ခု ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် ပါတီအရေအတွက် တိုးလာခဲ့ခြင်းဖြစ်သည်။ Bhumjaithai ပါတီကို ဦးဆောင်နေသည့် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သူ့ပါတီတွင် သူနှင့် နိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကောတို့သည် ပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ပါတီသည် အထွေထွေရွေးကောက်ပွဲအတွက် ဇွန်လကတည်းက အသင့်ဖြစ်နေခဲ့ပြီးဖြစ်ကြောင်း သူက ဆိုသည်။ သူ့ပါတီအနေဖြင့် တော်ဝင်အသရေဖျ-က်မှုဆိုင်ရာဥပဒေဖြစ်သော ရာဇဝတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲရန် […] The post ထိုင်းရွေးကောက်ပွဲ နိုင်ငံရေးပါတီ ၅၂ ခု ဝင်ရောက်ယှဉ်ပြိုင်မည် appeared first on Popular .