အပ-စ်ရပ်စဲရေးသဘောတူညီချက်တည်မြဲ၊စစ်ဘေးရှောင်များနေရပ်ပြန်ပြီ

Credit to Popular Journal - ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော ယာယီအပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဆက်လက်တည်မြဲနေသည့်အခြေအနေရှိသောကြောင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုရှိ ခိုလှုံရေးစခန်းများတွင် နေထိုင်နေသော စစ်ဘေးရှောင်များသည် တနင်္ဂနွေနေ့တွင် ၎င်းတို့နေအိမ်များသို့ စတင်ပြန်လာနေကြပြီဖြစ်သည်။ ဘူရီယမ်နှင့် ဆူရင်ပြည်နယ်များသည် နယ်စပ်တလျှောက်တို-က်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို တနင်္ဂနွေနေ့တွင် ၎င်းတို့နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့သည်။ ဆူရင်ပြည်နယ်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ပြည်နယ်အုပ်ချုပ်ရေးမှူး Jumreon Wanhpetch က အတည်ပြုချက်ပေးခဲ့သည်။ ဆူရင်ပြည်နယ်တွင် ဖနွမ်ဒုံရက်မှလွဲ၍ နယ်စပ်ခရိုင်အားလုံးတွင် နေရပ်ပြန်မှုစတင်နေကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ် The post အပ-စ်ရပ်စဲရေးသဘောတူညီချက်တည်မြဲ၊စစ်ဘေးရှောင်များနေရပ်ပြန်ပြီ appeared first on Popular .