မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ မိတ်ဆုံစားပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် တက်ရောက်

Credit to Popular Journal - မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်သွားကြရန် မြန်မာနိုင်ငံအစိုးရကိုယ်စား ဖိတ်ခေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပသည့် မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ၏ (၁၉) ကြိမ်မြောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး မိတ်ဆုံစားပွဲအခမ်းအနားကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေးသည် ၇၅ နှစ်ပြည့်ပြီးဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွင် နယ်စပ်ဒေသနေ ပြည်သူအချင်းချင်းဆက်ဆံရေးမှာ နှစ်ပေါင်းရာထောင်ချီပင်ရှိခဲ့ပြီဖြစ်ပါကြောင်း ဦးတင်မောင်ဆွေက ပြောသည်။ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအားကောင်းစေရန် နယ်စပ်ဒေသနေပြည်သူများ၏ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးပါကြောင်း၊ နှစ်နိုင်ငံအကြား အေးအတူ ပူအမျှဆက်ဆံရေး တည်ဆောက်ရာတွင် ပြည်သူများအကြား အပြန်အလှန်ကူညီဖေးမရင်း အေးအတူပူအမျှ နေထိုင်သွားကြရန် ဒေသခံပြည်သူများကို တိုက်တွန်းကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့သည်။ ထို့ပြင် ယခုအချိန်သည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးအချိန်ကာလ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ […] The post မြန်မာ-တရုတ် ကျောက်မျက်ကုန်သည်များ မိတ်ဆုံစားပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် တက်ရောက် appeared first on Popular .