Credit to Popular Journal - လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပပြီးစီးခဲ့ရာ ရန်ကုန်တိုင်းရှိ မြို့နယ် (၁၂) ခုတွင် မဲရုံ (၁,၃၁၃) ရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပြီး လွတ်လပ်စွာဖြင့်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း (၂) အဖြစ်ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ရန်ကုန်တိုင်းရှိ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ (၁,၁၇၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၂၅ […] The post ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း (၂) အား မဲရုံ (၁,၁၇၁) ဖွင့်လှစ်ကျင်းပမည် appeared first on Popular .