ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်ရွာနှင့် ကန်စောင့်ရွာတို့တွင် မဲရုံစောင့်နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း People’s Democratic Army – PDA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်ရွာနှင့် ကန်စောင့်ရွာတို့ရှိ မဲရုံများကို ကင်းစောင့်ရန် တပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၂၈ […] The post ညောင်ဦးမြို့နယ်တွင် မဲရုံစောင့်နေသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ချောက်မြို့နယ်တွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံး appeared first on Khit Thit Media .