အကြမ်းဖက်စစ်တပ်၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေ နည်းပါးစွာဖြင့် ပြီးဆုံးခဲ့ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ အကြမ်းဖက်စစ်တပ်၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေ နည်းပါးစွာဖြင့် ပြီးဆုံးခဲ့ကြောင်း ရိုက်တာ၊ CNN အပါအဝင် နိုင်ငံတကာသတင်းဌာနအများစုက သတင်းဖော်ပြကြသည်။ ယမန်နေ့ မြို့နယ်ပေါင်း ၁၀၂ ခုတွင် အကြမ်းဖက်စစ်တပ်က ပြုလုပ်ခဲ့သော မြန်မာ့ရွေးကောက်ပွဲမှာ အပိုင်း ၁ ပြီးစီးခဲ့သော်လည်း မဲပေးသူဦးရေ နည်းပါးကြောင်း လက္ခဏာများတွေ့ရကြောင်း၊ပြည်တွင်း စစ်ရိပ်အောက်တွင် ကျင်းပပြီး ရလဒ်အပေါ် ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်ခံနေရချိန် မဲပေးသူဦးရေ အလွန်နည်းပါးသည့် လက္ခဏာများ တွေ့ရှိခဲ့ရကြောင်း ရိုက်တာ သတင်းဌာနက ဆိုသည်။ AP သတင်းဌာန၏ သတင်းဖော်ပြချက်တွင်မူ ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံတွင် မဲရုံပိတ်ပြီးနောက် မဲစာရင်းရှိသူ ၁,၄၃၁ ဦးအနက် ၅၂၄ ဦးသာ လာရောက်မဲပေးခဲ့ကြရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ […] The post အကြမ်းဖက်စစ်တပ်၏ အပိုင်း ၁ ရွေးကောက်ပွဲ မဲပေးသူ ဦးရေ နည်းပါးစွာဖြင့် ပြီးဆုံးခဲ့ပြီ appeared first on Khit Thit Media .