Credit to Popular Journal - နီပေါနိုင်ငံတွင် မတ်လအတွင်း ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီတွင် လူထုခေါင်းဆောင်နှစ်ဦးသည် မဟာမိတ်ဖွဲ့လိုက်ကြကာ နီပေါနိုင်ငံရေးကို ဆယ်စုနှစ်သုံးခုကျော်ကြာ လွှမ်းမိုးထားသော ဝါရင့်နိုင်ငံရေးပါတီများကို စိန်ခေါ်သွားလိမ့်မည်ဟု ပါတီအရာရှိများနှင့် လေ့လာသုံးသပ်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ လူကြိုက်များသော ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး ဘာလန်ဟု လူသိများသော ရက်ပ်ပါတစ်ဖြစ်လဲ ခတ္တမန္ဒူမြို့တော်ဝန် ဘာလန်ဒရာရှားသည် ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသည့် ရာဘီ လာမီချန်နီဦးဆောင်သော Rastriya Swatantra Party (RSP) သို့မဟုတ် အမျိုးသားလွတ်လပ်ရေးပါတီနှင့် ပူးပေါင်းခဲ့ကြောင်း ပါတီအရာရှိများက ပြောကြားခဲ့သည်။ RSP နှင့် သဘောတူညီချက်အရ မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက အသက် ၃၅ နှစ်အရွယ် ဘာလန်သည် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကာ မစ္စတာ လာမီချန်နီကမူ ပါတီအကြီးအကဲအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု ၎င်းအရာရှိများက […] The post နီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည် appeared first on Popular .