အဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ်

Credit to Popular Journal - ဒီဇင်ဘာ ၂၉ တရုတ်နိုင်ငံသည် ကုန်တင်ရထားတွဲအများအပြားကို သံမဏိချိတ်ဆက်မှုများကို အသုံးမပြုဘဲ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်မောင်းနှင်နိုင်သည့် ရထားပို့ဆောင်ရေးစနစ်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။ တနင်္လာနေ့က အင်နာမွန်ဂိုလီးယားပြည်နယ်ရှိ ဘော်ရှင် ရထားလမ်းပေါ်တွင် ပြုလုပ်ခဲ့သော စမ်းသပ်မှု၌ စုစုပေါင်းကုန်တင်နိုင်စွမ်း တန်ချိန် ၃၅,၀၀၀ (အီဖယ်မျှော်စင်အလေးချိန်၏ ၃ ဆခွဲခန့်) ရှိသည့် ကုန်တင်ရထား ၇ စီးကို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်အသုံးပြုခဲ့ပါသည်။ အဆိုပါရထားများကို တစ်စင်းချင်းစီ သီးခြားမောင်းနှင်ပါက ထားရှိရမည့် ဘေးကင်းလုံခြုံရေးအကွာအဝေးထက် ပိုမိုနီးကပ်စွာထားရှိ၍ တစ်ပြိုင်နက်တည်း အတူတကွ မောင်းနှင်နိုင်ခဲ့ပါသည်။ ဤနည်းပညာသည် ရထားလမ်းသစ်များကိုထပ်မံခင်းရန်မလိုဘဲ တရုတ်နိုင်ငံ၏ ရထားကုန်စည်ပို့ဆောင်ရေးစွမ်းဆောင်ရည်ကို ၅၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန CCTV က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အုပ်စုလိုက်ထိန်းချုပ်မောင်းနှင်သည့်စနစ်ကို နိုင်ငံပိုင်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းဖြစ်သော တရုတ်ရှင်ဟွာစွမ်းအင်ကုမ္ပဏီနှင့် အခြားပြည်တွင်းအဖွဲ့အစည်းများက […] The post အဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ် appeared first on Popular .