သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

Credit to Popular Journal - ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ‌ေ-သကျေပျ-က်စီးမှုများရှိခဲ့သည့် နယ်စပ်တို-က်ပွဲများအပြီးတွင် ထိုင်းနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲရေး သဘောတူမှုကိုရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) တွင် ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ သုံးနိုင်ငံမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် လတ်တလောကာလအတွင်း ဒုတိယအကြိမ်မြောက် အပ-စ်အခတ်ရပ်စဲရေးကို စနေနေ့တွင် သဘောတူညီခဲ့ပြီး အနည်းဆုံးအနေဖြင့် လူ ၁၀၁ ဦး ‌ေ-သဆုံးခဲ့ပြီး ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ဆိုးရွားလှသော နယ်စပ်ပဋိပက္ခများကို ရပ်တန့်ခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ယခုအပ-စ်အခတ်ရပ်စဲရေးကို “ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ခု” ဟု ခေါ်တွင်ခဲ့ပြီး […] The post သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို appeared first on Popular .