ဖားကန့်၊ လောင်းလုံးနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာလမ်းမကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ ဆန်းကြွယ်ဘုရားကုန်း၌ တပ်စွဲထားသော စစ်တပ်နှင့် လုံးခင်းကျေးရွာ အုပ်စု၊ ခွန်ဆာကုန်း၌ တပ်စွဲထားသော စစ်တပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဖားကန့်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ […] The post ဖားကန့်၊ လောင်းလုံးနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး appeared first on Khit Thit Media .