မြိုင်မြို့နယ်၊ မြို့သစ်နှင့် မြဝတီမြို့နယ်တို့တွင် စစ်မှုထမ်း တပ်သားသစ် ၅ ဦး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ခမရ ၄၁၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုဆန်းမင်းအောင် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြိုင်မြို့နယ် တွင်းမပျူစောထီးစခန်းမှ သရက်ကန်ပျူစောထီးရွာသို့ ကား ၃ စီးဖြင့် ရိက္ခာပို့ရန် လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုဆန်းမင်းအောင် သည် သေနတ် ၁ လက်နှင့်ခဲယမ်းယူဆောင်လာပြီး မြိုင်ပကဖ လက် အောက်ခံ TYK ပြောက်ကြားတပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့ နှင့် ဒေါင်းညီနောင် တပ်ဖွဲ့တို့ထံသို့ ဆက်သွယ် အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။ […] The post မြိုင်မြို့နယ်၊ မြို့သစ်နှင့် မြဝတီမြို့နယ်တို့တွင် စစ်မှုထမ်း တပ်သားသစ် ၅ ဦး အလင်းဝင် appeared first on Khit Thit Media .