ရန်ကုန်၊ ဒီဇင်ဘာ ၂၉ စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ယမန်နေ့ ညနေပိုင်းမှစတင်ကာ KIA ဦးဆောင်သော တော် လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေပြီး စစ်တပ်ကာကင်းစခန်းတချို့ရရှိထားကာ တိုက်ပွဲပြင်းထန်နေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ကသာမြို့ပေါ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ ယင်းနောက် ညနေပိုင်းမှစတင်၍ KIA ဦး ဆောင် သော တော်လှန်ရေး တပ်များက ကသာမြို့ အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသော်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။ “ရပ်ကွက် ၈ […] The post Breaking News – ကသာမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲ၊ စစ်တပ်ကာကင်းစခန်းတချို့ရရှိပြီး တိုက်ပွဲပြင်းထန်နေ appeared first on Khit Thit Media .