သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရုရှားသံအမတ်ကြီး သင်ခန်းစာလာရောက်ပို့ချ

Credit to Popular Journal - နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov က ဒီဇင်ဘာ ၂၄ ရက်နေ့က သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သိရသည်။ ဧည့်ပါမောက္ခများ ပို့ချမှုအစီအစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး  “Situation in the Asia-Pacific Region” ခေါင်းစဉ်ဖြင့် သင်ခန်းစာဆွေးနွေးပိုချခဲ့ကြောင်း သိရသည်။ အဆိုပါပို့ချမှုအတွင်း အာရှ-ပစိဖိတ်‌ဒေသအတွင်း နိုင်ငံရေး၊ သံတမန်ရေးရာအားပြိုင်မှုများ၊ ပြင်ပနိုင်ငံများမှ သက်ရောက်မှုများ၊ အာဆီယံ၏ အချက်အချာကျမှုနှင့် နှစ်အလိုက် အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်မှုနှင့် အလားအလာများ၊ အာရှနှင့် အနောက်နိုင်ငံများအကြား သံတမန်ဆက်ဆံရေးတိုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ သင်တန်းသား၊ သင်တန်းသူများက ကမ္ဘာ့အင်အားချိန်ခွင်လျှာ အရွေ့များနှင့်စပ်လျဉ်း၍ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ The post သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရုရှားသံအမတ်ကြီး သင်ခန်းစာလာရောက်ပို့ချ appeared first on Popular .