ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း- အီလက်ထရောနစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၆၀၀ ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ရှင်က အလုပ်မှ ထုတ်လိုက်ကြောင်း MHAC မဟာမိတ်အဖွဲ့က အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း အလုပ်ရှင်က တစ်စုံတစ်ရာ ကြိုတင်အသိပေးခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး အလုပ်ထုတ် နစ်နာကြေးရရှိသော်လည်း အလုပ်သမားများမှာ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခံလိုက်ရ၍ အခက်အခဲများ ကြုံတွေရကြောင်း သိရှိရသည်။ “သူက အလုပ်ဖြုတ်လိုက်တယ်ဆိုပေမယ့် ထိုင်းဥပဒေပါအတိုင်း နစ်နာကြေးအပြည့်အဝပေးထားတဲ့ သဘောဖြစ်တာပေါ့နော်။ တစ်နှစ်အောက် အလုပ်သမားဆိုရင် အလုပ်ဖြုတ်နစ်နာကြေးက တစ်လစာရယ်၊ ကျန်တဲ့ ကြိုမပြောခ ဘာညာတွေနဲ့ ပေါင်းလိုက်တော့ တစ်ဦးကို […] The post ထိုင်းနိုင်ငံရှိ အီလက်ထရောနစ်စက်ရုံတွင် တရားဝင် မြန်မာအလုပ်သမား ၁၆၀၀ ဦးကို နစ်နာကြေး ပေး၍ အလုပ်ရှင်က အလုပ်ဖြုတ် appeared first on Khit Thit Media .