ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူစောထီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ပြောက် ကျားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်သား၊ ရဲနှင့်လက်ပါးစေရပ်ကျေးအုပ်ချုပ်ရေးမှူးများရှိနေစဉ် လက် ပစ်ဗုံး (နာနတ်သီး) ၂ လုံးနှင့် လက်လုပ်မိုင်း ၂ တို့ဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ရုံးထဲမှာ စခ၊ ရခတွေနဲ့ လက်ပါးစေ ရပ်ကျေးတွေရှိနေတဲ့အချိန် […] The post တောင်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးမှ ရုံးစောင့် စစ်တပ်ကို ဗုံးခွဲတိုက်ခိုက်ဟုဆို appeared first on Khit Thit Media .