Credit to Popular Journal - ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မန္တလေးက မြို့နှစ်မြို့နဲ့ ရှမ်းပြည်က တစ်မြို့ ကျွန်တော်တို့အနိုင်ရထားပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်က မန္တလေးမှာ နှစ်နေရာနိုင်ထားတယ်။ သူကတစ်တိုင်းလုံးပြန်ပေါင်းမှာ။ တစ်တိုင်းလုံးနိုင်မှ တတ်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ” ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP) မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ကနဦး မဲရလဒ်အရ မန္တလေးတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ညောင်ဦးမြို့နှင့် ချမ်းအေးသာဇံမြို့၌ အနိုင်ရရှိထားကြောင်း သိရသည်။ သို့သော် ရန်ကုန်တွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ […] The post လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ appeared first on Popular .