ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်

Credit to Popular Journal - ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ မဲရလဒ်အခြေအနေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အနိုင်ရရှိနေ‌ကြောင်းလည်း သိရသည်။ “ကျွန်တော်တို့ မနိုင်ပါဘူးဗျ တစ်နေရာမှ။ အပိုင်း (၁) ရဲ့အတွေ့အကြုံကိုယူပြီး အပိုင်း (၂) နဲ့ (၃) မှာ ဒီထက်ကောင်းအောင် ကြိုးစားဖို့အတွက် ဆောင်ရွက်နေပါတယ်။ တခြားတိုင်းတွေမှာလည်း မနိုင်ပါဘူးခင်ဗျ။ USDP ပဲနိုင်တဲ့သဘောမှာရှိတယ်လို့ ကြားပါတယ်။ ၉၅ ရာခိုင်နှုန်းက USDP ပဲနိုင်တယ်လို့ ကြားတယ်။ တချို့နေရာတွေမှာ ကျားဖြူနိုင်တယ်လို့ ကြားတယ်။ တစ်နေရာနှစ်နေရာ အဲဒီလိုတော့ကြားတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟို ဒုတိယဥက္ကဌ (၂) […] The post ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့် appeared first on Popular .