Credit to Popular Journal - ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြလှုပ်ရှားမှုများမှ ပေါက်ဖွားလာသည့် ကျောင်းသားများဦးဆောင်သော ဘင်္ဂလားဒေ့ရှ်ပါတီသည် ဖေဖော်ဝါရီလ၏ ရွေးကောက်ပွဲမတိုင်မီတွင် အစ္စလာမ်မစ်ပါတီ ဂျမတ် အီး အစ္စလာမ်မီပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သောကြောင်း ပါတီတွင်း သဘောထားကွဲလွဲမှုများကိုဖြစ်စေခဲ့သည်။ ၂၀၂၄ ခုနှစ် ဆန္ဒပြအုံကြွမှုနောက်ပိုင်း နေရှင်နယ်စီတီဇန်ပါတီ (အင်န်စီပီ) သည် ဆွေမျိုးကောင်းစားရေးဝါဒနှင့် နှစ်ပါတီလွှမ်းမိုးထားသည့်နိုင်ငံရေးတွင် အလယ်အလတ် ပြုပြင်ပြောင်းလဲရေးပါတီအဖြစ် ကိုယ့်ကိုကိုယ်ပုံဖော်ခဲ့သော်လည်း ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လမ်းပေါ်ထွက်ခဲ့သောအင်အားကို မဲဆန္ဒရှင်များ၏ ထောက်ခံမှုအဖြစ်ပြောင်းလဲရန် ရုန်ကြိုးစားရုန်းကန်နေသည်။ ပါတီသည် ပိုမိုစည်းလုံးညီညွတ်ရေးအတွက် မဟာမိတ်အဖွဲ့သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အင်န်စီပီ အကြီးအကဲ နာဟစ် အစ္စလာမ်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပြီး ကိုယ်စားလှယ်လောင်းများ၏ အပြီးသတ်စာရင်းကို ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ကြေညာသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။ မဟာမိတ်ဖွဲ့ခြင်းသည် ပြိုကွဲနေသော နိုင်ငံရေးအခင်းအကျင်းတွင် […] The post ဘင်္ဂလားဒေ့ရှ်ကျောင်းသားပါတီက အစ္စလာမ်မစ်ပါတီနှင့် မဟာမိတ်ဖွဲ့ appeared first on Popular .