မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော အရွေ့တစ်ခုကိုဝိုင်းဝန်းတည်ဆောက်ကြရန်တိုက်တွန်းခဲ့

Credit to Popular Journal - မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်းများသည် လွှတ် တော်သုံးရပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ PPP ပါတီ၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးခဲ့ကြသော မဲဆန္ဒရှင်များအားလုံးကိုအထူးကျေးဇူးတင်ဂုဏ် ပြုသည်ဟု ယနေ့ ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ဖော် ပြခဲ့သည်။ ထို့ပြင် PPP ပါတီမှ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင်လည်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ယုံယုံကြည်ကြည်ထောက်ခံအားပေးခြင်းဖြင့် မဲပေးရကျိုးနပ်စေရမည်ကို ကတိပေးသည်ဟုလည်း အသိပေးဖော်ပြခဲ့သည်။ ထို့အတူ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် မဲပေးခြင်းဖြင့် မိမိတို့နိုင်ငံ၏ ကောင်းသောအရွေ့တစ်ခုကို ဝိုင်းဝန်းတည်ဆောက်ကြရန်လည်းတိုက်တွန်းသည်ဟု PPP ပါတီက အသိပေးဖော်ပြခဲ့သည်။ The post မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော အရွေ့တစ်ခုကိုဝိုင်းဝန်းတည်ဆောက်ကြရန်တိုက်တွန်းခဲ့ appeared first on Popular .