Credit to Popular Journal - နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌအနေဖြင့် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူလေ့လာခဲ့မှု၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်တက်ကြွစွာ ဆန္ဒမဲများပေးနေမှုကိုမျက်မြင်တွေ့ရှိခဲ့ရမှု၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့် မြို့ နယ်များအား အပိုင်းအလိုက်ဆက်လက်ကျင်းပပြုလုပ်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ကာကွယ်ရေးကဏ္ဍ၊ စီပွားရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဥပဒေရေးရာက […] The post နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒု-ဥက္ကဋ္ဌတို့တွေ့ဆုံ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ကိုဆွေးနွေး appeared first on Popular .