ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း အောင်လံမြို့နယ်နှင့် နေပြည်တော် တပ်ကုန်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာနှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်၏ မဲရုံများ တည်ဆောက်ကာ အနီးအနား ကျေးရွာမှ ပြည်သူများကို မဲထည့်ရန် ဖိအားပေး ဆောင်ရွက်လျက်ရှိသောကြောင့် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များက တပြိုက်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်းအချို့နှင့် မဲရုံနေရာများကို ရှင်းလင်းနိုင်ခဲ့ပြီး […] The post ရေတာရှည်၊ အောင်လံနှင့် တပ်ကုန်းမြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၃ ဦးသေဆုံး appeared first on Khit Thit Media .