ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်ပေါ် ဗုံးကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ဝက်လက်မြို့နယ်၊ လိန်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း လိန်ပင်ရွာ အနောက်ဘက်ရှိ နေအိမ် […] The post ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .