ရခိုင်ပြည်နယ် မြို့နယ် (၃) ခုတွင် မဲရုံပေါင်း (၁၀၀) ကျော် ဖွင့်လှစ်နိုင်ခဲ့

Credit to Popular Journal - ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈) ရက်၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်၌ မဲရုံပေါင်း (၁၆၄ ရုံ) ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ မဲရုံပေါင်း (၁၆၄)ရုံကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောသည်။ သို့သော် စစ်တွေမြို့နယ်၌ မြို့ပေါ်ရှိ ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၇) ခုနှင့် ကျောက်ဖြူမြို့နယ်၌ စနဲမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စု၌ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။ လက်ရှိ၌ ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် ရခိုင်တိုင်းရင်း သားများပါတီ (RNP) ခေါင်းဆောင် ဦးဘရှိန်တို့ နှစ်ဦးလုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ယ်စားလှယ်များကို မဲရလဒ်မကျော်နိုင်ခဲ့ကြောင်းလည်း […] The post ရခိုင်ပြည်နယ် မြို့နယ် (၃) ခုတွင် မဲရုံပေါင်း (၁၀၀) ကျော် ဖွင့်လှစ်နိုင်ခဲ့ appeared first on Popular .