Credit to Popular Journal - မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီများ ယမန်နေ့ ဒီဇင်ဘာ (၂၉)ရက်မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း(၂)ကို ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လုပ်ဆောင်သွားရန်ကျန်ရှိနေသည်။ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁)ကို မြို့နယ် (၅)မြို့နယ်ဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၂)ကို လာမည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ (၁၁) ရက်နေ့တွင် မြို့နယ်ပေါင်း (၁၀၀) ၌ ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ပုံစာ – မော်လမြိုင်တွင်ရွေးကောက်ပွဲအပိုင်း(၁)၌ မဲလာရောက်ပေးနေကြသည့် မြင်ကွင်းပုံရိပ် The post မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်မည့် နိုင်ငံရေးပါတီအချို့ စတင်မဲဆွယ်စည်းရုံး appeared first on Popular .