ကလေးမြို့နယ်၊ မြို့လှရွာထိပ်၊ စစ်တပ်ဂိတ်မှ စစ်သားများက ဒေသပြည်သူ ကိုမောင်ကြီးကို နှိပ်စက်ပစ်ခတ် သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြို့လှရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်မှ စစ်သားများက ဒေသပြည်သူဖြစ်သော ကိုမောင်ကြီးကို နှိပ်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မြို့လှအထိုင်ဂိတ်မှ အကြမ်းဖက်စစ်သားများက ကျေးရွာအတွင်း သွားလာနေသည့် ကိုမောင်ကြီး ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ထိမှန် ဒဏ်ရာရရှိချိန်တွင်လည်း သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သေနတ်နှင့် ပစ်ခတ်ပြီးသည့် နောက်တွင်လည်း ဆေးကုသပေးခြင်းမရှိဘဲ ရုပ်အလောင်းတွင် ထုရိုက်ခံရသည့် ဒဏ်ရာဒဏ်ချက်များ တွေ့မြင်ရကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။ “မြို့လှရွာ အဝင်မှာ ဂိတ်ထိုင်ထားတဲ့ စစ်တပ်ဂိတ်ရှိတယ်။ ဒီကောင်တွေက ကြည့်ရတာတော့ ဖဲရိုက်တာ ဖဲရှုံးတော့ အကြံအဖန်လုပ်မယ်ဆိုပြီး လှည့်ပတ်ရင်းနဲ့ အခု ဆုံးတဲ့ […] The post ကလေးမြို့နယ်၊ မြို့လှရွာထိပ်၊ စစ်တပ်ဂိတ်မှ စစ်သားများက ဒေသပြည်သူ ကိုမောင်ကြီးကို နှိပ်စက်ပစ်ခတ် သတ်ဖြတ် appeared first on Khit Thit Media .