ရန်ကုန်၊ ဒီဇင်ဘာ ၃၀ မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် စကခ ၁၉ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း တပင်ရွှေထီး ကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ရေးမြို့အခြေစိုက် စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် မောင်အောင်သက်ဦး၊ မောင်ကျော်မင်းစိုးတို့ကို တပ်အတွင်းထွက်ပြေးလာစဥ် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ရဲဘော်များက လမ်းပိုင်းတစ်နေရာတွင် အရှင်ဖမ်းမိခဲ့ကြောင်းသိရှိရသည်။ ထိုသို့ ဖမ်းဆီးရမိခဲ့သော စစ်မှုထမ်း တပ်သားသစ် အသက် ၂၃ နှစ်အရွယ် မောင်အောင်သက်ဦးမှာ သထုံမြို့ မှဖြစ်ကြောင်း၊ စစ်မှုထမ်း တပ်သားသစ် အသက် ၂၂ […] The post ရေးမြို့ အခြေစိုက် စကခ ၁၉ တပ်ရင်းမှ ထွက်ပြေးလားသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို အရှင်ဖမ်းမိ appeared first on Khit Thit Media .