Credit to Popular Journal - ရွေးကောက်ပွဲအပိုင်း (၁) အပြီးတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံက အကဲဖြတ်မည်ဖြစ်ပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ပြည်သူ့ထံ အာဏာပြန်ပေးမည်ဟု ကတိပြုထားသည့် အဆင့်လိုက်တစ်လကြာ ရွေးကောက်ပွဲတွင် တနင်္ဂနွေနေ့၌ မဲပေးမှုကို စတင်ခဲ့သည်။ မြန်မာနိုင်ငံပါဝင်သော အာဆီယံ (၁၁) နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သော လုပ်ငန်းများအပါအဝင်ဖြစ်ပေါ်တိုးတက်မှုများကို ဂရုစိုက်စဉ်းစားဆောင်ရွက်မည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှုများလျှော့ချရန်နှင့် ကွဲပြားမှုများကိုပိုမိုနက်ရှိုင်းစေမည့် လုပ်ဆောင်ချက်များကိုရှောင်ရှားရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မှုများ၌ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသော လမ်းကြောင်းတစ်ခုဖြစ်နိုင်ခြေအားထိန်းသိမ်းထားရန် အစီအစဉ်တကျ စဉ်းစားဆောင်ရွက်သွားမည်ဟုလည်း မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ Ref: ဆော့ခ်ချိုင်းနားမောနင်းပို့စ် The post ရွေးကောက်ပွဲ ပထမအဆင့်အပြီးအခြေအနေကို အာဆီယံကအကဲဖြတ်မည် appeared first on Popular .