ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးမိခင် ၁ ဦးသေဆုံးသွားကြောင်း သေဆုံးသူ ကလေးမိခင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ စစ်တပ်က အင်အား ၇၀၀ ဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကိုစစ်ကြောင်းထိုးလာသည့်အပြင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးအမေ သေဆုံးပြီး အခြားပြည်သူ ၁ ဦးမှာလည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအတွင်း စစ်တပ်က ၁ လနီးပါးကြာ တပ်စွဲပြီးနောက် ထွက်ခွာသွားခဲ့သော်လည်း ကျီကုန်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်ကို မီးရှို့ခြင်း၊ ကျောင်းထိုင်ဆရာတော်ကို ပစ်သတ်ခြင်းများ ကျူးလွန်ခဲ့သည့်အပြင် ဘုန်းကြီးကျောင်းအတွင်းရှိ တန်ဖိုးကြီး […] The post ကြို့ပင်ကောက်မြို့၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးမိခင် ၁ ဦးသေဆုံး၊ ချောင်းဦးတွင် စစ်တပ်က ရွာကို စီးနင်းဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို လုယက် appeared first on Khit Thit Media .