အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် “စွမ်းအင်ဖလား” ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲ နေပြည်တော်၌ ကျင်းပ

Credit to Popular Journal - မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန်အတွက်ရည်ရွယ်၍၊ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAOP/SEAGP) မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် “စွမ်းအင်ဖလား” ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထက်သျှန်ဖြိုး၊ SEAOP/SEAGP ဥက္ကဋ္ဌ Mr. Wang Qiang နှင့် ဒုတိယဥက္ကဌ Mr. Zhao Huatao တို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် […] The post အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် “စွမ်းအင်ဖလား” ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲ နေပြည်တော်၌ ကျင်းပ appeared first on Popular .