ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာကြောင်း အာရက္ခတပ်တော်-AA၏ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာရုံး- HDCO က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး […] The post သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ appeared first on Khit Thit Media .