Credit to Popular Journal - ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ညပိုင်းကျင်းပသွားမည့် နှစ်သစ်ကူးပွဲများအတွက် ယနေ့မှစတင်ကာ (ဇန်နဝါရီ ၄ရက်)နေ့အထိ ငါးရက်တိုင်တိုင် YBS ယာဉ်လိုင်း (၇)လိုင်း ယာဉ်စီးခအခမဲ့ဖြင့် စီးနင်းနိုင်မည် ဖြစ်သည်။ ထိုသို့ အခမဲ့ပြေးဆွဲပေးမည်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YTRC)ကလည်း အတည်ပြုပေးထားသည်။ ထိုယာဉ်လိုင်းများသည် YBS (39) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)တို့ဖြစ်ပြီးပွဲပြီးဆုံးသည်အချိန်အထိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထိုနည်းတူ ပြည်သူ့ရင်ပြင်မှ မြို့တွင်း ဆူးလေအထိ Mini bus (၃) စီးကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ရာ ယာဉ်စီးခများကို အခမဲ့စီစဉ်ပေးထားသေးသည်။ ပြည်သူ့ရင်ပြင်၌ 2026 Yangon […] The post ညပိုင်းကျင်းပမည့် နှစ်သစ်ကူးပွဲအတွက် YBS ယာဉ်လိုင်း (၇)လိုင်းကို ငါးရက်တိုင်တိုင် ယာဉ်စီးခအခမဲ့ဖြင့် စီးနင်းနိုင် appeared first on Popular .