ရန်ကုန်၊ ဒီဇင်ဘာ ၃၁ မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် မင်းအောင်လှိုင် မိသားစုပိုင် ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ယင်းအခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးတွင် ပြန်လည် စတင်လျက်ရှိသော ရတနာပုံမြို့သစ်စီမံကိန်း၏ ရတ နာ ပုံမြောက်ပိုင်းအိမ်ရာအတွင်းတွင် မင်းအောင်လှိုင်သား အောင်ပြည့်စုံကုမ္ပဏီက ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံကြီး တည်ဆောက်ရန် မြေနေရာများကို စတင်ရှင်းလင်းနေကြောင်း၊ ဆေးရုံတည်ဆောက်မည့် မြေနေရာမှာ မင်းအောင်လှိုင်မိသားစုက ယခင်ကတည်းက ရယူထားသော မြေနေရာဖြစ်ပြီး အဆိုပါနေရာကို မိသားစု စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။ “တပ်ချုပ်သားက ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိကဆေးရုံကို စဆောက်ဖို့ ထင်းရှူးတောနဲ့ ကျူးထားတဲ့ […] The post ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် မင်းအောင်လှိုင် မိသားစုပိုင် ကုတင် ၃၀၀ ဆန့် ပုဂ္ဂလိက ဆေးရုံ တည် ဆောက်မည် appeared first on Khit Thit Media .