မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကျင်းပ

Credit to Popular Journal - မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပသည်။ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုစီမံကိန်းတွင် ဆောင်ရွက်ခဲ့သည့် နွားအမများ၏ မျိုးပွားအင်္ဂါလမ်းကြောင်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသုံးသပ်ခြင်း၊ Ultrasound စက်ကြီးများ၊ Hormone စမ်းသပ်ကိရိယာများ၊ မြိုင်လာမှုအခြေအနေကို စစ်ဆေးသော ကိရိယာများနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးစနစ်များကို အသုံးပြုခြင်းအားဖြင့် နွားများ၏ မျိုးပွားမှုအခြေအနေကို တိကျမှန်ကန်စွာသိရှိနိုင်ပြီး မျိုးပွားချိန်ကို မှန်ကန်စွာရွေးချယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထိုသို့ စက်ကိရိယာများဖြင့် […] The post မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကျင်းပ appeared first on Popular .