ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့၍ ပြည်သူများ ဒုက္ခရောက်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ စစ်ကိုင်းတိုင်း၊ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင် လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့ ပိတ်ပင်၍ ပြည်သူများ ဒုက္ခရောက်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကသာမြို့ပေါ်တွင် တော်လှန်ရေးတပ်များက နေရာအများစုကို ထိန်းချုပ်ထားပြီး မြို့ပေါ်မှ ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်ရန် ထွက်ခွာခွင့်ပေးနေကြောင်း၊ သို့ရာတွင် စစ်တပ်က မြို့ပြင် ၈ မိုင်နှင့် ပတ္တာမြားဂိတ်တို့က စောင့်ကြို၍ ပြည်သူများကို တားဆီးခြင်း၊ ငွေကြေးတောင်းခြင်း၊ လူငယ်လူရွယ်များကို ခေါ်ထားခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “အခု လိုင်းပေါ်ကနေ ထွက်လို့ရပြီ ထွက်ကြဆိုတော့ ထွက်ကြတာပဲ။ ဒါပေမယ့် ဂိတ်တွေရောကတော့ တပ်က ပေး မထွက်ဘူး။ ထွက်လို့ရတဲ့လူတွေလည်း […] The post ကသာမြို့ပေါ်မှ ပြည်သူများ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးသော်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းများမှ ပြန်လည် ပိတ်ဆို့၍ ပြည်သူများ ဒုက္ခရောက်နေရ appeared first on Khit Thit Media .