Credit to Popular Journal - ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။ ထို့ပြင် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားပြီး မုံရွာမြို့ကို Control Center အခန်းမှ(၂၄)နာရီ မီးဘေးအန္တရာယ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်၊ မြန်ဆန်ရန်အတွက် လေ့ကျင့်ရေးအဆောက်အဦးကို ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၀)ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် […] The post မုံရွာမြို့နှင့် အနီးဝန်းကျင်ကျေးရွာပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ အသင့်ပြင်ဆင်ထား appeared first on Popular .