ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ်

Credit to Popular Journal - ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ ” ဟိုတယ်ရဲ့အထပ်တိုင်းကိုတော့ ပြန်မဖွင့်သေးဘူး။ အောက်ထပ်တစ်ထပ်တည်းကိုပဲ ဖွင့်တာပါ။ အစားအသောက်တန်းတစ်ခုတည်းကိုပဲဖွင့်တာပါ။ နေ့လည် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်” ဟု ဆူးလေရှန်ဂရီလာဟိုတယ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။ ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။ ရန်ကုန်မြို့လယ်တွင် တည်ရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် […] The post ဆူးလေ ရှန်ဂရီလာ ဟိုတယ် ပြန်လည်ဖွင့်လှစ် appeared first on Popular .