Credit to Popular Journal - မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၃၀)ရက်က မန္တလေးမဟာမုနိဘုရားကြီး ရွှေထီးတော် အသစ်ပြန်လည်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ကျင်းပခဲ့သေးသည်။ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများထိခို-က်ပြိုကျပျ-က်စီးမှုများရှိခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရခြင်းလည်း ဖြစ်သည်။ လက်ရှိ၌လည်း ထိခို-က်ပျ-က်စီးခဲ့မှုများကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး လုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်သွားကြရန်၊ အချိန်မီ ပြီးစီးရေးနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်က မှာကြားထားသည်။ ဓာတ်ပုံ- မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ The post မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲ နိုင်ငံတော်အဆင့် ကျင်းပရန် စီစဉ်နေ appeared first on Popular .