မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် သတိပေး၊ ရွေးကောက်ပွဲတွင် ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲလာပေးသည်ဟု မြန်မာစစ်တပ် ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အပိုင်းလိုက်ခွဲ ကျင်းပနေသော ရွေးကောက်ပွဲများကို အလျှင်စလို အသိအမှတ်ပြုမှုများနှင့် တရားဝင်မှု ပေးအပ်မှုများကို ရှောင်ကြဉ်ကြရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က သတိပေးပြောဆိုသည်။ မလေးရှားဝန်ကြီးချုပ်က ဒီဇင်ဘာ ၃၀ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ “အခြေအနေတွေကို သုံးသပ်တဲ့အခါ အလောတကြီး မဟုတ်ဘဲ အစီအစဉ်တကျ လုပ်ဆောင်သွားမှာပါ။ အကြမ်းဖက်မှုတွေ လျှော့ချနိုင်မှု၊ စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားစေမယ့် လုပ်ရပ်တွေကို ရှောင်မှု၊ အချိန်မတန်ခင် (ရွေးကောက်ပွဲကို) အသိအမှတ်ပြု တရားဝင်ဖြစ်စေတာမျိုး မလုပ်တာမျိုးတွေ ပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ ရှေ့ဆက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာဖို့ကိုပဲ အဓိကထားပြီး အကဲဖြတ် စောင့်ကြည့်သွားမှာပါ” ဟု မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က […] The post မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အချိန်မတိုင်မီ တရားဝင်မှုပေးခြင်းမှ ရှောင်ကြဥ်ရန် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် သတိပေး၊ ရွေးကောက်ပွဲတွင် ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲလာပေးသည်ဟု မြန်မာစစ်တပ် ပြော appeared first on Khit Thit Media .