Credit to Popular Journal - အပိုင်း (၂) နှင့် (၃) တို့ အောင်မြင်စွာကျင်းပပြီးဆုံးသည်အထိပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောတိုက်တွန်း အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် ပြည်သူလူထုလို လားတောင့်တလျက်ရှိသော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ အောင်မြင်စွာကျင်းပပြီးဆုံးသည်အထိ ကဏ္ဍအသီးသီးမှပူးပေါင်းပါဝင်ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက တိုက်တွန်းပြောကြားသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ ဒီဇင်ဘာ ၃၁ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး (၆/၂၀၂၅) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)အား ဒီဇင် ဘာ ၂၈ ရက်က မြို့နယ်(၁၀၂)မြို့နယ်၌အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ နိုင်ငံတော်၏လုပ်ဆောင်ချက်များအ ပေါ်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံ တကာနှင့် […] The post အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲ appeared first on Popular .