မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်

Credit to Popular Journal - မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်ဟု အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီမှ တင်းမာမှုများဖြစ်ပွားနေသည့် ထိုင်ဝမ်ပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်အဖြစ် ယနေ့ ဒီဇင်ဘာ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ၊ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ်အစဉ်အမြဲရပ်တည်သွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံစတင်ပေါ်ပေါက်လာစဉ်ကပင် တရုတ်နိုင်ငံ၏ လွတ်လပ်ရေးကိုအစောဆုံးအ သိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် အစဉ်တစ်စိုက်ရပ်တည်ထောက်ခံခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်ချင်းတွေ့ဆုံစဉ်ကလည်း ထပ်လောင်းအတည်ပြုပြီးဖြစ်သည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်လျက်ရှိကာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို သဘောတူလိုက်နာနေသည့်နိုင်ငံများဖြစ်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အ ခြာအာဏာကိုလေးစားပြီး ယင်းအတွက်ကြိုးပမ်းမှုများကိုလည်း အလေးထားသည်ဟု […] The post မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည် appeared first on Popular .