Credit to Popular Journal - မင်္ဂလာအပေါင်း ခညောင်းပြည့်စုံ ကောင်းမြတ်သောဂုဏ်နှင့်ပြည့်စုံသည့် ကမ္ဘာ့နှစ်သစ် မင်္ဂလာအချိန်ကာလ သမယမှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသား၊ အများသူငါ သတ္တဝါအားလုံးတို့သည် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ဖြစ်သော ဘေးရန်အန္တရာယ်၊ ရန်စွယ်အပေါင်း၊ မကောင်းဟူသမျှ ပြစ်ဒေါသတို့မှ ကင်းစင်ကြ၍ ကောင်းကျိုးအဖြာဖြာ လိုရာဆန္ဒအဝဝတို့နှင့်ပြည့်စုံနိုင်ကြပါစေဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမှ ယနေ့ ဇန်နဝါရီ ၁ ရက်က ဆုတောင်းမေတ္တာပို့သတော်မူခဲ့သည်။ The post နှစ်သစ်အခါသမယတွင် ကောင်းကျိုးအဖြာဖြာ လိုရာဆန္ဒအဝဝတို့နှင့် ပြည့်စုံနိုင်ကြပါစေဟု သန်လျင်မင်းကျောင်းဆရာတော်ကြီးဆုတောင်းမေတ္တာပို့ appeared first on Popular .