ရန်ကုန်၊ ဇန်နဝါရီ ၁ အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက နေရာအများစု အနိုင်ရရှိပြီးနောက် တပ်တွင်း အပြောင်း အလဲစလုပ်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်က တပ်တွင်း အပြောင်းအလဲများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း၊ ကနဦးအနေဖြင့် ရေတပ်မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရှိရသည်။ “စစ်ဦးစီးအရာရှိချုပ် ရေ ၊ ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြောင်းမယ်ဆိုတာ ဟုတ်တယ် […] The post ကြံ့ဖွတ်က ရွေးကောက်ပွဲ အပိုင်း ၁ တွင် အများစု အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်က တပ်တွင်း အပြောင်း အလဲများ စလုပ်၊ ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကို ပြန်ခေါ်ပြီး ရေတပ်မှ ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးကို အရပ်ဘက်သို့ ပြောင်းရွှေ့ မည် appeared first on Khit Thit Media .