ရန်ကုန်၊ ဇန်နဝါရီ ၁ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဒိုးတန်းရွာ၊ ခင်တန်းလေးရွာနှင့် အိုးမြေဒူးရွာ တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန ထံမှ သိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား ၄၀ ခန့်ရှိသော စစ်တပ် စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာန ၃၅၀၄ တပ်ရင်း နှင့် ရေတာရှည် ပကဖတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး သေဆုံးပြီး ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ […] The post ရေတာရှည်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော ဒိုးတန်းရွာ၊ ခင်တန်းလေးရွာနှင့် အိုးမြေဒူးရွာ တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံးပြီး ၃ ဦးအရှင်မိ appeared first on Khit Thit Media .