ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော် ယာယီသမ္မတပြော

Credit to Popular Journal - ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင် ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးနေ့၌ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းကြောင်းကိုမျှော်မှန်းပြီး ဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းရာ၌ ပြည်သူ များ၏ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုကြောင့် ယခုအချိန်တွင် ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု ပြောသည်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း(၁၀၂) မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဟာသက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အား တိုက်ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူ၊ ပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနေခြင်းဖြစ်၍ ကျန်ရှိသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် […] The post ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော် ယာယီသမ္မတပြော appeared first on Popular .