မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ် (၃၇) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

Credit to Popular Journal - မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည် ကျပ် (၃၇) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် သတင်းအရ မင်းဘူးမြို့ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့်လိုက်ပါလာသည့် CANTER ခြောက်ဘီးယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်း (ဒေသတန်ဖိုးငွေ ကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံ) ကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ဆက်စပ်ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ပေးနေသည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့နှစ်ဦးကို […] The post မကွေးတိုင်းဒေသကြီးမှ ရခိုင်သို့ ပို့မည့် ကျပ် (၃၇) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ appeared first on Popular .